မဟာလူသားတစ်ဦးရဲ့ပုံရိပ်
မဟာလူသားတစ်ဦးရဲ့ပုံရိပ် မြန်မာနိုင်ငံရှိ ဖားအောက်တောရပင်မရိပ်သာသို့ ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားသား တစ်ထောင်ကျော် လာရောက်ပြီး တရားဘာဝနာ သင်ယူ ပွားများအားထုတ်ကြပါသည်။ ရှေးဦးစွာ သမထနည်း ၄၀ထဲမှ တစ်နည်းနည်းဖြင့်သမာဓိထူထောင်ပြီးနောက် ရုပ်ပရမတ် နာမ်ပရမတ်တရားများကို ကလာပ်အမှုန်များအနေဖြင့် ဓာတ်ခွဲကာ ကိုယ်တိုင်မျက်မှောက်ထွင်းဖောက် ရှုမြင်နိုင်ကြသည်။ ထို့နောက် ကြောင်းကျိုးဆက် ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ဝိပဿနာဉာဏ်တို့ကို သိမြင်နိုင်ရန် ဂေါတမဗုဒ္ဓဟောကြားတော်မူခဲ့သော ပြီးပြည့်စုံသည့် လက်တွေ့အားထုတ်နည်းများကို လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝ ခန့်က ပြုစုရေးသားထားသော ဝိသုဒ္ဓိမဂ္ဂကျမ်းလာအတိုင်း ဆက်လက်ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါသည်။ သစ္စာ၄ပါး ကို ရှာပုံတော်ဖွင့်လိုသူတို့အတွက် အသေးစိတ်ရှင်းပြထားသော သမာဓိကြောင့် ဖြစ်ပေါ်လာသော ဘဝင်မနောအကြည်ဓာတ် ခေါ် ဉာဏ်အလင်းရောင် ကို လေ့လာရသည်မှာ ဘဝ၏ အပြောင်းအလဲ အတွေ့အကြုံ ဖြစ်နိုင်ပါသည်။ ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ကြီး အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းညွှန်ပြထားသော ဗွီဒီယို တွင် သိမ်မွေ့ လေးနက် ပြည့်စုံလှသော၊ ကြောင်းကျိုးဆက် ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ဝိပဿနာဉာဏ်တို့ကို တရားအားမထုတ်ရသေးသူများပါ ကြည့်ရှုလွယ်ကူ နားလည်လွယ်ကူစေခြင်းအကျိုးငှာ ပန်းချီပညာရှင်နှင့်ဗိသုကာပညာရှင်တို့က ရေဆေးပန်းချီ၊ animation ရုပ်ပုံ တို့နှင့် သရုပ်ဖော်ရှင်းပြထားသော ရှားရှားပါးပါး ဗွီဒီယို ဖြစ်ပါသည်။ တရားအားထုတ်ခြင်း အတွက် အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
www.paaukforestmonastery.org ဘာသာပြန်ထားပြီးသော ဘာသာများမှာ English, Dutch, German, Lithuanian, Romanian, Russian, Spanish, Burmese, Chinese, Indonesian, Korean, Sinhalese, Thai, Vietnamese တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော စာအုပ်များ ဗွီဒီယိုများအတွက် www.settiwessels.com
Youtube English link
Sketch of an Excellent Man
https://studio.youtube.com/video/0Kp5ivSfYSQ/edit?o=U
Setti Wessels Youtube.
Translations of the documentary available
Asia: Burmese, Chinese. Indonesian, Korean, Sinhalese, Thai, Vietnamese.
Europe: English, Dutch, French (short film), German, Lithuanian, Spanish, Romanian, Russian
The Most Venerable Pa Auk Tawya Sayadaw:
4 months Meditation Retreat Maymyo 2012/2013
https://www.youtube.com/watch?v=v8jbzW4xQO8
In Pa Auk Forest Monastery Myanmar they still meditate following the Buddha's instructions in the Pali scriptures. They practise 40 concentration techniques, to be able to analyse the ultimate realities of Nama and Rupa (mind and matter), as a preparation for Paticcasamuppãda (Cause and Effect) and Vipassanã (Insight Meditation) as described in the 1.500-year old Visuddhi Magga (The Path of Purification)
This video shows footage compiled in the last few days of a four-months retreat conducted by the Most Venerable Pa Auk Tawya Sayadaw, as a tribute to the remarkable event and gratitude towards Sayadaw.
(2014)
You can do it, too! Sign up for free now at https://www.jimdo.com